မြဝတီ စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အစဉ် တစ်စိုက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာ ကွယ်ဆေးထိုးနှံထားခြင်းမရှိပြည်သူများအား ဒုတိယ အသုတ်ပထမအကြိမ် ဒုတိယနေ့အဖြစ် ယနေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ဒုတိယအသုတ်ပထမအကြိမ်အဖြစ် မြဝ တီမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊မသန်စွမ်းသူများ၊ နာတာရှည် နှင့်မကူးစက်နိုင်သောရောဂါရှိသူများကို မြဝတီခရိုင် ကျန်းမာရေး ဝန်ထမ်းများမှ စက်တင်ဘာလ ၁၆ ရက် နေ့မှ စတင်၍ စုရပ်(၇)နေရာတွင် နံနက် ၉ နာရီမှ နေ့လည် ၂ နာရီအထိ ထိုးနှံပေးခဲ့သည်။
မြဝတီမြို့နယ်အနေဖြင့် ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ်ပထမအကြိမ်ထိုးနှံပေးခြင်းကို ၂၀၂၁ ခု နှစ်၊စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း၃၄၁၁ ဦးရှိခဲ့ ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်