နတ်မောက်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်များ လှူဒါန်း

နတ်မောက် စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းပြီး နတ်မောက်မြို့နယ်အတွင်းရှိ သီတင်း သုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကြောင်းများနှင့် သီလရှင် ကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထိုသို့လှူဒါန်းရာတွင် နတ်မောက်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်းနှင့် သီလရှင် ကျောင်း(၂) ကျောင်းတွင် သတင်းသုံးတော်မူကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်တို့အား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဘုန်းတော်ကြီး ကျောင်းများအရောက် အသီးသီးသွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး နတ်မောက်မြိုနယ်အတွင်း ကျန်ရှိနေသည့် ကျေးရွာများသို့ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာအတွင်းရှိ ကျောင်းတိုက်များသို့ သွားရောက် လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်ထံမှ သိရသည်။

သင်းသင်းမြတ်