ပေါင်းတည် စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ယနေ့ နံနက်ပိုင်းက စေတနာ၊ နာရေးကူညီမှုအသင်းရုံးရှေ့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ RDT ဖြင့် စျေးသွားစျေးလာ ပြည်သူ(၅၃)ယောက်အား စစ်ဆေးရာ (၃)ယောက်ပိုး တွေ့ခဲ့ သည်။
အဆိုပါ ပိုးတွေ့လူနာများအား ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးရန် Volunteerများမှ သက်ဆိုင်ရာ Centre များသို့ ပို့ဆောင်၍ ၎င်းတို့နှင့် ထိစပ်သူ များကိုလည်း သက်ဆိုင်ရာ Facility Quarantine Centre များသို့ ပို့ဆောင်လျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်