ရှားတော စက်တင်ဘာ ၁၇
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီမှ စ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသော ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချို စသည့်ရောဂါများ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးတင့်နိုင်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့မွန်းလွှဲ(၂)နာရီအချိန်ထိ ပြည်သူစုစုပေါင်း (၁၂၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)