တာချီလိတ် စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊မိုင်းဟဲ ကျေးရွာအုပ်စု တောင်ပေါ်ကျေးရွာ(၂၇)ရွာရှိ အိမ်ထောင်စုပေါင်း( ၁၂၀၀)စု အတွက် အခြေခံစားသောက်ကုန်များကို မိုးမိသားစု ကုမ္ပဏီနှင့် ရွှေမိုင်းဟဲ မိသားစုတို့မှ ယနေ့နေ့လည်ပိုင်းက သွားရောက်ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာ၌ ကိုဗစ်( ၁၉) ရောဂါ တတိယလှိုင်းအတွင်း စားဝတ်နေရေးခက်ခဲသည့် တောင်ပေါ်နေ တိုင်းရင်းသားပြည်သူ လားဟူ၊ အာခါ၊ ပလောင်နှင့် ရှမ်းလူမျိုး အများစု နေထိုင်သည့် ရွာများကို ပထမအကြိမ်အဖြစ် တစ်အိမ်ထောင်စုလျှင်ထိုင်းဘတ်(၂၀၀)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် အခြား အခြေခံစားသောက်ကုန်ပစ္စည်းများကိုအိမ်ထောင်စု (၁၂၀၀)စုအတွက် အလှူရှင် များကေပးအပ်လှူဒါန်းခြင်းဖြစ်ပြီး သက်ဆိုင်ရာကျေးရွာဒေသခံတိုင်းရင်းသားများမှ လက်ခံရယူခဲ့ကြကာဆက်လက်၍ ထောက်ပံ့လှူဒါန်းသွားရန်လည်း စီစဉ်ထားရှိကြောင်း အလှူရှင် ကုမ္ပဏီမှတာဝန်ရှိသူ ဦးဝီလ်ဆင်မိုးထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)