ကလိန်အောင် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့် ပွားခြင်းမှ ကာကွယ်ထိန်း ချုပ်နိုင်ရေး အတွက် ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ကကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ညနေ (၆) နာရီခန့်က မီးသတ် ယာဉ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အတွင်း လှည့်လည်ကာ ပြည်သူများ အပြင်သို့ သွားလာသည့်အတိုင်း ပါးစပ်နှင့်ခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့အား စနစ်တကျ တပ်ဆင်သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာမကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်း အသုံးများသော အခန်းများ၊ လေဝင်/လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှရှောင်ကျဉ်ရန်၊ နေအိမ်ရှိ အသက် (၆၀) နှစ်နှင့်အထက် အသက်အရွယ်ကြီး ရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကျဉ်ရန်၊ အသွားအလာတားမြစ် ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှသာ စျေးရောင်း/ စျေးဝယ်ကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန် စသည်တို့အား အသိပညာ နှိုးဆော်ထားရှိကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)