ကြံခင်းမြို့တွင် အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သက်ကြီးဘိုး/ဘွား (၁၃၀) ဦးအား (ဒုတိယ) အကြိမ်ကာကွယ် ဆေးထိုးနှံပေး

ကြံခင်း   စက်တင်ဘာ   ၂၀

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊  ကြံခင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သက်ကြီးဘိုး/ဘွား(၁၃၀) ဦးအား ယနေ့ နံနက်()နာရီခွဲအချိန်က ကြံခင်းမြို့ ဒီပင်္ကရာဘုရားတန်ဆောင်းစုရပ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာစိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီ (၂၀--၂၀၂၁) ရက်နေ့နှင့်(၂၁--၂၀၂၁) ရက်နေ့များတွင် (ပထမ) အကြိမ်ထိုးနှံပြီးသော အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သက်ကြီးဘိုး/ဘွား(၁၃၀)ဦးအား ယနေ့တွင် (ဒုတိယ)အကြိမ် ကာကွယ်ဆေးထိုးနှံပေး ခြင်းဖြစ် ကြောင်း စိစစ်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံကြသော အသက်(၆၅)နှစ် နှင့်အထက်ရဟန်း၊ သံဃာ၊ သက်ကြီးဘိုး/ဘွားများအား ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးပါက ဓာတ်မ တည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု့စောင့်ကြပ်ဆောင်ရွက် ပေးကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)