လဲချား စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လအတွက် မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းမျိုး ကရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ပေးအပ်ခဲ့သည်။ထိုမှ တစ်ဆင့်ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများသို့ ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာအုပ်စု (၁၉)အုပ်စုတို့မှ ကိုယ်ဝန်ဆောင်မိခင် (၄၈၅)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၃၆၄)ဦးတို့အတွက် တစ်ဦးလျှင် (၄၅၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)