စဉ့်ကိုင်မြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၇၄၉) ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ ပေးအပ်

စဉ့်ကိုင်    စက်တင်ဘာ    ၂၀


 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အသက် (၈၅)နှစ် နှင့်အထက်သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင် ငွေများကို   ယနေ့ နံနက် (၁၀) နာရီက     မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးတွင်  ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူး များအား ထုတ်ပေးခဲ့ကြောင်း သိရသည်။


 

ထိုသို့    ထောက်ပံ့ပေးအပ်ရာတွင်   ဒုမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်းဝင်းစိုးက လူမှု၀န်ထမ်းဦးစီးဌာန ၏ အမျိုးသားလူမှုရေးပင်စင်များ  ပေးအပ်ခြင်းဖြစ်ကြောင်း၊   နိုင်ငံတော်မှ အသက်(၈၅) နှစ်နှင့်   အထက်  သက်ကြီးဘိုးဘွားများအား    တစ်ဦးလျှင်  ကျပ် (၃၀၀၀ဝိ/-) နှုန်းဖြင့်  ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သက်ကြီး ဘိုးဘွားများအား ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်ဖြစ်သော (ဧပြီလ၊ မေလ နှင့် ဇွန်လ) တို့အတွက် တစ်လလျှင် ငွေကျပ် (၁၀၀၀ဝိ/-) နှုန်းဖြင့်  သုံးလစာထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး အသက်ကြီးဘိုးဘွားများ လက်၀ယ်အရောက်၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည့်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေး  စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထပ်ဆင့် ထောက်ပံ့ပေးအပ်သွားကြရန် မှာကြားခဲ့သည်။


 

စဉ့်ကိုင်မြို့နယ်တွင်  ရပ်ကွက်/ကျေးရွာ အုပ်စု(၄၈)အုပ်စုမှ  အသက်(၈၅)နှစ်နှင့်     အထက်သက်ကြီး ဘိုးဘွား (၇၄၉) ဦးအတွက်  ထောက်ပံ့ငွေကျပ် စုစုပေါင်း  (၂၂၄၇၀၀၀ဝိ/-) ထောက်ပံ့ပေးခြင်း ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူးများ၊ စာရေး၀န်ထမ်းများက ဘိုးဘွားများလက်၀ယ် အရောက်ဆက် လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်)