လပွတ္တာမြို့နယ်တွင် အသက် (၅၅) နှစ်မှ (၆၄) နှစ်ထိအုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက် ထိုးနှံပေး

လပွတ္တာ  စက်တင်ဘာ   ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) လပွတ္တာမြို့နယ် ပြည်သူ့ဆေး ရုံအဟောင်း အစည်းအဝေးခန်းမတွင် ပထမအကြိမ် ဒုတိယနေ့အဖြစ် အသက်(၅၅)နှစ်မှ (၆၄) နှစ်ထိပြည်များအား ယနေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ အသက် (၅၅) နှစ်မှ (၆၄) နှစ်ထိပြည်သူများအပြင် မသန်စွမ်း၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် လူဦးရေ (၁၀၀၀၀) အတွက် ဆေးအလုံး(၂၀၀၀) ကိုလည်းထိုးနှံပေးသွားမည်ဖြစ်ပြီး လပွတ္တာမြို့နယ်တွင် ကာကွယ်ဆေးကို ယနေ့ နံနက်ပိုင်းအချိန်ထိ ၇၂ ဦးကျော်လာရောက်ထိုးနှံခဲ့ကြကြောင်းနှင့် ဆေးထိုးရန်လာရောက်ကြသည့် ပြည်သူများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများဆောင်ရွက်ပေးပြီး ပုံမှန် အခြေအနေရှိမှ ထိုးနှံပေးလျက်ရှိရာ  လပွတ္တာမြို့နယ်ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေးခန်းမတွင် ကာကွယ်ဆေးများဆက် လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

လပွတ္တာ (ခရိုင်ပြန်/ဆက်)