အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်‌စေရေးအတွက် မျိုးစေ့ထုတ် တောင်သူများ(၉၄)ဦးထံသို့ ဓာတ်မြေဩဇာများ အခမဲ့ ထောက် ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရှင်မင်းဒွေကျေးရွာတွင် ယနေ့ နံနက် ၃ နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အိမ်ခြေ (၇၀) ခန့် ယာယီရွှေ့ပြောင်းထားကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ထံက သိရသည်။
Sep 21,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ယနေ့နံနက် ၈ နာရီမှစ၍ ပင်စင်လစာများ စတင် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသသည်။
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အခြေခံစားသောက် ကုန်များထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးနှင့် ကာကွယ်ဆေးများဆက်လက်ထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာ နယ်မြေ၊ ရပ်ကွက်များအလိုက် ထိုးနှံရမည့်သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်၏ စုပေါင်းရုံးနှင့် မြို့တော်ခန်းမတို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
Sep 21,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မင်းပြားမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယနေ့ဆက် လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်ကစတင်ပြီး မင်းပြားမြို့နယ်၊ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာန စုရပ်များ၌ပထမအကြိမ် ကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။