တနင်္သာရီမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိ ရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေး

 

တနင်္သာရီ     စက်တင်ဘာ   ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် စက်တင်ဘာလ(၁၈) ရက်နေ့မှ(၁၉)ရက်နေ့အထိ  အရှေ့မော်တုန်းကျေးရွာအုပ်စု (အထက)ကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင်တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်ကြွယ် နှင့်ဝန်ထမ်းများက အရှေ့ မော်တုန်းကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိကြသည့် ကျေး လက်နေပြည်သူများအား အသက်(၁၀)နှစ်ပြည့်(၁၆)ဦး၊ အသက်(၁၈)နှစ်ပြည့်(၄၁)ဦး စုစု ပေါင်း(၅၇)ဦးအတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ပြီး၊ အိမ်ထောင်စု စာရင်း (၁၁)စုကိုဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း များကို  ရပ်ကွက်/ကျေးရွာများ အရောက်ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာတွင် မိမိတို့ မွေးဖွားရာဇာတိတွင်အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက် မှတ်မရှိသူများ၊ လက်ရှိဇာတိတွင်အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများနှင့် ရွေ့ပြောင်းနေသူများအနေဖြင့်မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများကို ဥပဒေ နှင့်အညီပြုလုပ်ပေးမည်ဖြစ်ပြီး ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃)ရက် နေ့အထိဆောင်ရွက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။

သီသီခိုင်(တနင်္သာရီ)