ကော့ကရိတ် စက်တင်ဘာ ၂၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ဗမာနှင့် ပိုးကရင်စသည့် တိုင်းရင်းသား ဘာသာစကားတို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ် - ၁၉ရောဂါကူးစက်မှုပြတ်တောက်ပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပဧည့်သည်များအား အိမ်တွင်လက်မခံရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းရှောင်ကြရန်၊ လက်ကိုဆပ်ပြာနှင့် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ် အဖြစ် ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်၊ ရောဂါကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများကို ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့် လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်