သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးအသိ ပညာပေးနံရံကပ်စာစောင်များပြသ

မိုင်းနောင် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များနှင့်အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်ရေးအသိပညာပေးစာစောင်များကို ပြသပေးခဲ့ပါသည်။

ပြဘုတ်တွင်သဘာ၀ဘေးအန္တရာယ်လျော့ပါးရေး၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့်လိုက်လျော ညီထွေရှိစေရေးအတွက်လေ့လာဖတ်ရှုနိုင်သည့်စာစောင်များ၊ သဘာ၀ဘေး အသိပညာပေး နံရံကပ် စာစောင်များ၊ သဘာ၀ဘေး ကျရောက်မှုအပေါ်ခံနိုင်ရည်စွမ်း တည်ဆောက်ခြင်းနှင့် လိုက်လျောညီထွေနေထိုင်ခြင်းဆိုင်ရာ အသိပညာပေးစာစောင်များ၊ အမျိုးသမီးများအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး စာစောင်များကိုပြသထားပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေး အသိပညာပေးစာစောင်တွင် အမျိုးသမီးများကိုအကြမ်းဖက်မှုများမှ ကာကွယ်ပေးသည့်ဥပဒေများကိုပါအများပြည်သူများ သိရှိလေ့လာနိုင်ရေးပြသ ဆောင်ရွက်ထားရှိပါသည်။

မနန်း(မိုင်းနောင်)