အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ(၁၀၀)ဦး၊ လွိုင် ဆောင်ထောက် တိုက်နယ် ဆေးရုံမှ (၁၁)ဦး၊ စုစု ပေါင်း(၁၁၁)ဦးတို့ကို ယနေ့၌ ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ် ဆေးရာ အမျိုးသား(၂)ဦး နှင့်အမျိုးသမီး(၃)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊   လွိုင်လင်ခရိုင် ၊ ခိုလမ်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌ဆေးကုသမှုခံယူနေသော ခိုလမ်မြို့ ၊ အမှတ်(၁)ရပ်ကွက် မှအသက်(၆၇)နှစ် အမျိုးသား( ၁ ) ဦး ၊ အသက်(၇၅)နှစ် အမျိုးသား ( ၁ ) ဦးနှင့် အမှတ်(၄)ရပ်ကွက်မှအသက်(၆၅)နှစ်အရွယ်အမျိုးသား(၁) ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာ(၃) ဦးအား ကျန်းမာရေးကောင်းမွန်လာသဖြင့်ယမန်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့သည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုး/ဘွားများနှင့်နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့ချနိုင်ပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက် လျက်ရှိသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးလုံးဝ မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်မှစတင်၍ ပင်လုံမြို့ အထက(၁)ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယ)နေ့ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို စက်တင်ဘာလ ၂၁ ရက်နေ့နံနက်၈နာရီခွဲမှစ တင်ပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေး စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ အသက်၅၅နှစ်အထက်ရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ဦးစားပေးအဆင့်များတွင် ပါဝင်သော ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံဟောင်းဝန်း အတွင်းရှိ သံဃာဆောင်တွင် ယနေ့နံနက်၉နာရီခွဲမှ ၁၂နာရီအထိနှင့် နေ့လည်၂နာရီမှ ညနေ၄နာရီအထိ ထိုးနှံပေးခဲ့သည်။
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းနှင့်နီးသော ကဿဝင်ကျေးရွာအုပ်စု ကျောင်းစုကျေးရွာရှိ ဝါးအိမ်(၆) လုံး ယမန်နေ့ မွန်းလွဲပိုင်းက ကမ်းလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
Sep 21,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ဟိုပင်၊ နန်းမား၊ အင်းတော်ကြီး၊ နန့်မွန်းနှင့် မော်ဟန်ဒေသများတွင် သံဃာတော်/သီလရှင်များ၊ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ်အနေဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက် ရှိသည်။