Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပခုက္ကူခရိုင်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ဘဏ်ချေးငွေကျပ်(၆၄၇)သန်းကျော်ထုတ်ချေး ပြီးစီး
Sep 21,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းက မိုးသီးနှံစိုက်တောင်သူများအား ၂၀၂၁ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉စည်းကမ်းချက် များနှင့်အညီ ပခုက္ကူခရိုင်ဘဏ်ခွဲ မှ ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ၂၁ရက်နေ့ထိ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ တောင်သူဦးရေ(၈၆၁)ဦး ၏ မိုးစပါး စိုက်ဧက(၅၄၁)နှင့် အခြားသီးနှံစိုက်ဧက (၅၆၅၉)တို့အတွက် ထုတ်ချေးငွေကျပ်(၆၄၇)သန်းကျော် ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ် တကူတိုက်နယ်ဆေးရုံနယ်မြေအတွင်း အသက်(၅၅)မှ(၆၄)နှစ်အကြား(ပထမ)အကြိမ် ကိုဗစ် ကာကွယ်ဆေးစုရပ်(၂)ခုခွဲ၍ ဆက်လက်ထိုးနှံပေး
Sep 21,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံနယ်မြေအတွင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်နိုင် ရေးနှင့် လျော့နည်းစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော အသက်(၅၅)နှစ်မှ(၆၄)နှစ်အကြားရှိ ဦးစားပေးအဆင့်လိုက် ပြည်သူများ အား တကူတိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် (ပထမ)အကြိမ်၊ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်မှ စ၍ ကာကွယ်ဆေးထိုးမည့်ပြည်သူများသွားလာမှုပိုမိုအဆင်ပြေ လွယ်ကူစေရန် အထက-တကူကျောင်းနှင့်အထက (ခွဲ)သာရဘွင်ဟူ၍ ဆေးထိုးစုရပ်(၂)ခုခွဲ၍ ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်္ဂပူမြို့နယ်အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ကွင်းကောက်) တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိ…
Sep 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၅)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (ကွင်းကောက်)တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်၌မြစ်ကမ်းပါးပြိုကျသဖြင့်ပြောင်းရွေ့ခဲ့သောအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်
Sep 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော ဟင်္သာဒုံးကျေးရွာနှင့် အထက်ပေကုန်းကျေးရွာတို့ရှိ နေအိမ်(၈)လုံးအတွက် ယနေ့နံနက် ၉နာရီ က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြီး ပျောက်ကင်းသူများ၏ ရင်တွင်းစကားသံများ
Sep 21,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ မိမိနေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက်အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးခြင်းစသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ကူးစက်ခံ ရသူပေါင်း (၄၄၆၅၇၃)ဦး ရှိပြီးဖြစ်ကာ(၃၉၈၂၂၀)ဦးမှာ ဆေးရုံဆင်းခွင့်ရရှိပြီး ပုဗ္ဗသီရိမြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူ (၄၀၀)ဦး၊ အခြားဒေသများမှ လာရောက်ကုသမှုခံယူနေသည့် Positive လူနာဦးရေ (၁၀၁၆)ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ (၉၇၄)ဦးရှိပြီဖြစ်ကြောင်းသိရသည်။ သို့ပါ၍ ပုဗ္ဗသီရိမြို့နယ် အတွင်းမှ ကိုဗစ်-၁၉ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်တွင် အိမ်ထောင်စု(၇၀၀)ကျော်ကို အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥတို့ လှူဒါန်း
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်တွင် ကိုဗစ်၁၉-ရောဂါကြောင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည့် အခြေခံပြည်သူများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အထောက်အကူပြုအဖွဲ့မှ စာရင်းများ ကောက်ယူပြီး သဒ္ဓါထက်သန် သည့် စေတနာအလှူရှင်များထံ ပေးပို့ခဲ့ရာ ယနေ့နံနက်တွင် အနန္တဂုဏ်ရည်ဆရာတော် ဦးစီးပြီး စာချရဟန်းတော်များမှ Anandagoneyee Society အသင်းနှင့်(၇)ရက်သားသမီး အလှူရှင်များက အင်းစိန်မြို့နယ် အတွင်းရှိအိမ်ထောင်စု(၇၀၀)ကျော်ကို အခြေခံစားကုန်ဆန်၊ ဆီ၊ ကြက်ဥတို့ကို အနန္တဂုဏ်ရည်ကျောင်းတိုက်ရှေ့တွင် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် စာသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
Sep 21,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့၌ Covid -19 ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် စာသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပညာပေး နိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၀၉:၀၀)အချိန်က ပန်ဝါမြို့အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့် ဌာနဆိုင်ရာများ လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်…
Sep 21,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင် များမှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကုသရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ပြည်နယ်အတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ထောင်ဖွင့်လှစ်နိုင် ရေးအတွက် လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25462
Page
25463
Page
25464
Page
25465
Current page
25466
Page
25467
Page
25468
Page
25469
Page
25470
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department