မန်တုံ စက်တင်ဘာလ ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို စက်တင်ဘာ ၂၂ ရက်နေ့ နံနက်(၉:၀၀)နာရီမှ ညနေ(၄:၀၀)နာရီ အထိ မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် မန်တုံမြို့နယ် မြို့နယ်စီမံကော်မတီဥက္ကဋ္ဌက စနစ်တကျစီမံဆောင်ရွက်ပြီး ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံနိုင်ရေးအတွက်ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုး နှံသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းဇယားမှတ်တမ်းရယူ ခြင်းများဆောင်ရွက်ခဲ့ပြီး ကိုဗစ်ကာကွယ်ဆေး Sinopharm အမျိုးအစား(၅)လုံးကို ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း(၁၀)ဦး၊ Supermarket(၁၅)ဦး စုစုပေါင်း(၂၅)ဦး ထိုးနှံပေးခဲ့ကြပြီး ထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် နားနေစေကြောင်း သိရ သည်။
အဆိုပါ ကိုဗစ်ကာကွယ်ဆေး Sinopharm အမျိုးအစား(၇၆၂)လုံး ကို သြဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၂၂)ရက်နေ့ထိလူဦးရေ(၇၈၂)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ က လိုအပ်သည့်နေရာများတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)