ဆားလင်းကြီး စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်တွင် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ (၄)ရက်မြောက်နေ့အဖြစ် ယနေ့ နံနက် ၈နာရီအချိန်က စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမနှင့် ကျားတက်(အထက)တို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinophram) ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကာကွယ် ဆေးထိုးမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နေ့မှ စက်တင်ဘာ ၂၃ ရက်နေ့အထိ ဦးစားပေးအုပ်စုအလိုက် ပရဟိတ စေတနာ့ဝန်ထမ်း Volunteer(၄)ဦး၊ ရဟန်းသံဃာတော်၊သီလရှင်နှင့်ဘာသာရေးကျောင်းမှ(၃၃)ဦး၊ နိုင်ငံဝန်ထမ်း(၉၉)ဦး၊ အကျဉ်းထောင်/အချုပ်ထောင်များမှ အကျဉ်းသား(၄)ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ဆောင်မှုလုပ်ငန်းများမှ(၅)ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၃၄၁၃)ဦး၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ/လက်ဖက်ရည်ဆိုင်/စားသောက်ဆိုင်မှ ဝန်ထမ်း(၅၁၂)ဦး၊ မှီခို(၁၄၄၅)ဦး၊ မသန်စွမ်းသူများ (၅)ဦး၊ စုစုပေါင်း (၄၅၂၀)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဒုတိယအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများကိုလည်း ဆားလင်းကြီး (အထက)ရှိ ပန်းမြတ်သဇင်ခန်းမနှင့် ကျာတက်(အထက)တို့တွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ဥမ္မာခိုင်