တကောင်း စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ကံဆိုသည်မှာစေတနာမုဒိတာအမှာစာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီကပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community Center)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီတာအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာအုပ်စာပေဖတ်ရှု သည့် အလေ့အထတိုးတက်မှုများရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြော ကြားခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဝါဝါခိုင်က နွေးထွေး(ပုသိမ်ကြီး)၏ “ဘဝထိုထို ထန်းရိပ်ညို” စာအုပ်တွင်ပါရှိသည့် အမှာစာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် ဦးနေဝင်းအောင်က ဖိုးရန်နိုင် (ကျောက်ကြီး)၏ “ဘဝအဖော်မွန်နှင့် အခြားလက်ရွေး စင်ကဗျာစု” စာအုပ်တွင်ပါသည့်အမှာစာ ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့ဦးစီးမှူးဒေါ်သီတာအောင်နှင့် စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့ဝင်တို့က အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီတာအောင်(တကောင်း)