မင်းပြားမြို့၌ အသက်(၅၅)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

မင်းပြား စက်တင်ဘာ ၂၄  

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့်     ဦးတည် အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉) နာရီအချိန်က စတင်ပြီးမင်းပြားမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့်ကျေးလက်ကျန်းမာရေး ဌာန စုရပ်များ၌ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။

 

ထိုသို့ ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ဆေးများထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ် လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်း ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ကိုဗစ်-၁၉  ရောဂါကူးစက် ပြန့်ပွားမှုမှ လျော့ချနိုင်ရန် အတွက် ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးမထိုးမီလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထား ရောက်မှသာ ကာကွယ်ဆေးထိုးနှံမည်ဖြစ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ဆေးထိုးနှံပြီး သူများကို မိနစ်(၃၀)ခန့်အနားယူစေခြင်းများအားစီစဉ်ဆောင်ရွက်ပေးလျက် ရှိရာပြည်သူအများအပြား စိတ်ဝင်စား စွာလာ ရောက်ထိုးနှံကြကြောင်သိရသည်။

 

သိန်းနုအောင်