ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ကိုဗစ်အလွန် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

လားရှိုး         စက်တင်ဘာ ၂၄

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၉:၃၀)အချိန်က လားရှိုးမြို့ မိုင်းရယ်-တန့်ယန်း လမ်းပေါ်ရှိ Cornerstone Resources(Myanmar)Ltd; သို့ရောက်ရှိရာ စက်ရုံပြင်ပဆက်ဆံရေး တာဝန်ခံ ဦးတင်အုန်းက စက်ရုံလည်ပတ်နေမှုအခြေအနေ၊ စက်ရုံ၏ အဓိကသန့်စင်သည့် သတ္တုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်များနှင့် စက်ရုံအတွင်းတပ်ဆင်ထားသော ကျန်းမာရေးသုံး Oxygen တစ်နေ့လျှင် 40L အိုး အလုံး(၄၀၀)ထုတ်လုပ်နိုင်သည့် စက်(၂)လုံးတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ လားရှိုးမြို့နယ် မန်ပျဉ်ကျေးရွာအုပ်စုရှိ စိုက်ပျိုးရေးသိပ္ပံသင်တန်းကျောင်း လျာထားမြေနေရာ ဧက(၄၀)သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ လားရှိုးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းထွေးက လျာထားမြေနေရာနှင့်ပတ်သက်သည့် ကနဦးလုပ်ငန်းလျာထားချက်များနှင့် မြေနေရာ အခြေအနေတို့ အားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။

ထို့နောက် လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မိုင်းရယ်)သို့ ရောက်ရှိကာ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့်တွေ့ဆုံကာ ကိုဗစ်အလွန် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သာယာ သန့်ရှင်းရေးတို့ကိုကြည့်ရှု စစ်ဆေးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းခွဲ(ဟိုယ) ယခင်ခရီးစဉ်လမ်းညွှန်မှာကြားချက်များ ဖြစ်သော ကျောင်းပတ်ဝန်းကျင် သာယာသန့်ရှင်းရေး၊ ကျောင်းခန်းတွင်း ပရိဘောဂများပြင်ဆင်ရေး၊ မျက်နှာကျက်များ ပြင်ဆင်ရေး၊ ကျောင်းရေစင် ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် လားရှိုးမြို့နယ်၊ ဟိုယကျေးရွာရှိ တောင်သူ ဦးစိုင်းရွှေလူ၏ စိုက်ဧက(၅)ဧကရှိ စံပြစပါးစိုက်ခင်းတွင် မြေဩဇာပက်ဖြန်းနေမှုအားကြည့်ရှုအားပေးရာ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးတာဝန်ခံက လုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားရာတွင် ဒေသခံတောင်သူများအကြိုက်ဖြစ်သော မျိုးစပါးများအား အဓိကစိုက်ပျိုးထား ခြင်းဖြစ်ပါကြောင်း၊ မြို့နယ်အနေဖြင့် စိုက်ဧက(၁၂၀၀၀)ရှိရာ ရာနှုန်းပြည့် ပြည့်မှီအောင်စိုက်ပျိုးဆောင်ရွက်နိုင် ပါကြောင်းရှင်းလင်းပြောကြားရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။ ၎င်းမှတစ်ဆင့် မိုင်းရယ်မြို့ရှိ စိမ်းလဲ့ကန်သာ ကြာကန်သန့်ရှင်းသာယာရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးရာ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ(လားရှိုး) ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုကိုနှင့် ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးကျော်မိုးခိုင်တို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။

၎င်းမှတစ်ဆင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းနှင့်အဖွဲ့သည် မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မိုင်းရယ်မြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြား ပေးခဲ့သည်။ အစီအစဉ်အရ မိုင်းရယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်း များနှင့်အလှူငွေကျပ်(၁၀)သိန်းအား လည်းကောင်း၊ တန့်ယန်းမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေကျပ်(၁၀)သိန်းအားလည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)