ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ထီးချိုင့် စက်တင်ဘာ ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက်()နာရီအချိန်တွင် ထီးချိုင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့() ဖွဲ့ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရပါသည်။

 

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများမှ အသက်(၆၅)နှစ် အထက် သက်ကြီးဘိုးဘွားများ၊ ဒေသခံပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံမှဝန်ထမ်းများ အပါအဝင် ပြည်သူ(၁၀၅၅)ဦးအား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနေရာများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဖြိုးညွန့်မောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲလင်းထွန်း(ထီးချိုင့်)