လောင်းလုံး စက်တင်ဘာလ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊လောင်းလုံမြို့နယ်ရှိအသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှု ဖြင့် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က လောင်းလုံးမြို့နယ်ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းလုပ်ငန်းများတွင် ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ပြည်သူများရောဂါဒဏ်ခံနိုင်ရည်ရှိစေရန်နှင့် ကူးစက်ဖြစ်ပွားမှုလျော့ ကျစေရန် ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိပြီး ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ကာ ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းထိုးနှံပေးလျက်ရှိသည်။
အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ရေးမှူး ဦးအောင်ထိုက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး၊ ဌာနဆိုင်ရာ များ၊ လူမှုရေး အသင်းအဖွဲ့များက ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)