ပေါင်းတည် သြဂုတ် ၂၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လက်ရှိဆောင်ရွက်လျက် ရှိသည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် ကျန်ရှိမှုမရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်း ကြိုတင်ဆောင်ရွက်ကြရမည့်ကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ခွဲအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။ ထိုသို့ တွေ့ဆုံရာ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်က ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက တာဝန်ကျရာ ဒေသများ အလိုက် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းညွန့်က ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တင်ဝင်းဇော် (မင်းသားကြီး)