ထီးလင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Mask Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

ထီးလင်း သြဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်မြို့၌ ကူးစက်ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထကောင်း ရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ Mask Campaign အား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက High Class ကားဂိတ်ရှေ့၊ ထီးလင်း-ကျောက်ထုသွား ကားလမ်းဆုံ၊ မြန်မာ့စီးပွားရေးဘဏ်ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများ၊ ယာဉ်ပေါ်ရှိ ခရီးသည်များ အား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးပြီး Mask တပ်ဆင်ခြင်းမရှိသည ပြည်သူများကို Mask တစ်ခုလျှင်(၁၀၀၀)နှုန်းဖြင့် ဒဏ်ကြေးသတ်မှတ်ကာ ချက်ချင်းဝယ်ယူ တပ်ဆင်စေပြီး ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာမာ(ပြန်/ဆက်)