Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
+
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်ဆောင်ရွက်
Sep 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များ ကနှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာလာပါက၊ နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုကို
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး
Sep 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မြို့တွင်း၌ သွာလာနေသောပြည်သူများအား mask တပ်ဆင်မှု ရှိ/မရှိစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့တွင်းအချက် အချာကျသောနေရာများတွင် ဌာနဆိုင်ရာများစုပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်
Sep 11,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သတင်းပြန်ကြားရေးကော်မတီမှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို နေ့စဉ်လှည့်လည် ကြေညာပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ
Sep 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ (၆) နာရီခွဲ အချိန်ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူ့စာကြည့်တိုက်၌ Online အစီအစဉ်ဖြင့် အသိပညာပေးဆောင်ရွက်
Sep 11,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်သည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးထိန်းချုပ်ရေးအတွက် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်မှစ၍ ပြည်သူ့စာကြည့်တိုက်စာအုပ်စာစောင်ငှားရမ်းခြင်းကို ခေတ္တပိတ်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် အုန်းတောတိုက်နယ်တာဝန်ခံမှ မဲဆန္ဒရှင် အမည်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေး နယ်မြေကွင်းဆင်းဆောင်ရွက်
Sep 11,2020
စစ်ကိုင်းမြို့နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် အုန်းတော တိုက်နယ်တာဝန်ခံနှင့်အဖွဲ့သည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့်သူများ၏မည်စာရင်းများ ကျန်ရှိမှုမဖြစ် ပေါ်စေရေး အတွက် ယမန်နေ့ နံနက်(၁၀)နာရီက နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်ကို သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာများ ကျေးရွာများသို့ အသိပညာပေးနှိုးဆော်ပေးခြင်း ဆောင်ရွက်
Sep 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို ဒေသခံပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့က ပဝကျေးရွာအုပ်စုအတွင်းရှိ ပဝဝါသရွာ၊ ပဝချောင်းထဲရွာ၊ ပဝရွာမနှင့်ပဝကျွန်းရှည်ကျေးရွာတို့သို့ တစ်ရွာဝင်တစ်ရွာထွက်ဖြင့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီ၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေး မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေး
Sep 11,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် လက်ရှိမြေပြင်အခြေအနေအမှန်ကို သိရှိနိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီသီခိုင်နှင့်ဝန်ထမ်းများက ယမန်နေ့က သကျက်ကျေးရွာအုပ်စုနှင့် ညောင်ပင်ကွင်းကျေးရွာအုပ်စုအတွင်းမှ နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဖွင့်လှစ်ခဲ့သည့် ကျေးရွာစာကြည့်တိုက်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25358
Page
25359
Page
25360
Page
25361
Current page
25362
Page
25363
Page
25364
Page
25365
Page
25366
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department