ရေးမြို့နယ် ခေါဇာမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပ

ခေါဇာ ဩဂုတ် ၂၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား များအား ပြည်သူများထံ တစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခြင်း အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက ခေါဇာမြို့ မြို့လယ်ဘုရားဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်က အဖွင့် အမှာစကားပြောကြားပြီး ခေါဇာမြို့ပေါ်ရပ်ကွက်အတွင်း သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများအား လူဦးရေ(၁၈၀)ဦးထံ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ညီညီချမ်း(ပြန်/ဆက်)