ဒီးမော့ဆိုမြို့နယ်တွင် တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ဆောင်ရွက်

ဒီးမော့ဆို ဩဂုတ် ၂၉

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ ကူးစက် ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ဝါဘန်းပလို့ကျေးရွာအုပ်စု ပဆေးလာကျေးရွာ၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နော်ရီစေးဘာနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တိရစ္ဆာန်များ၌ ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေ ရေးအတွက် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် ပဆေးလာ ကျေးရွာရှိ ဝက်ခြံများတွင် အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေးအတွက် ဝက်ခြံ ၄၅ ခြံအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကျွဲ ၅၀ ကောင်နှင့် နွား ၇၀ ကောင်အား ကျွဲနွားလည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်နော်ရီစေးဘာထံမှ သိရသည်။

ရီရယ်(ဒီးမော့ဆို)