ကနီ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ချင်းတွင်းမြစ်မြောက်ဘက်ခြမ်း ဝင်မနား- တောင်ပြင် လမ်းမပေါ် သို့ မောင်းနှင်လာသော (၆)ဘီးယာဉ်အဖြူရောင် ကုန်တင်ယာဉ်သည် ယမန်နေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
၎င်းယာဉ်ပေါ်တွင် ခရီးသည်(၁၄)ဦးလိုက်ပါလာပြီး ကျား(၂)ဦး၊ မ(၁)ဦး၊ ကလေးငယ်(၄)နှစ်သား ကျား(၁)တို့မှာ ဝင်မနားတိုက်နယ်ဆေးရုံတွင် သေဆုံးကြောင်းနှင့် ဒဏ်ရာရရှိသူ(၁၀)ဦးအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှု ခံယူရန် လွှဲပြောင်းပေးပို့ထားကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကနီမြို့နယ် ဝင်မနားအုပ်စု ထောက်ကြံ့အိုင်ကျေးရွာနေသူအား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်