အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော်(ကိုဝေ) တို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အဖြစ် အမျိုးသားအောင်ပွဲနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၃) နာရီအချိန်က ရေနံချောင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 17,2021
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၂၄) ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက နောင်ခို ရပ်ကွက်ရှိ စစ်ကဲကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ၁နာရီက စာဖတ် ဝိုင်း ကျင်းပခဲ့သည်။
Nov 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်မုန်းနေ့ အများပြည်သူ ရုံးပိတ်ရက်များတွင် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအနေဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာရောက်သူများဖြည့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နှုတ်၏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်ပိုမိုမြှင့်တင်နိုင်စေရန်၊ အစုအဖွဲ့များတွင်ပြောတတ်၊ ဆိုတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ပန်ဆောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်း သူ(၂၀)ဦးက မိမိတို့ကြိုက်နှစ်သက်ရာ အစီအစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Nov 17,2021
နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ စိတ်စေ တနာ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းကြတဲ့ ဒေသခံပြည်သူများ၊ လူမှုကူညီရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့များစုပေါင်း၍
Nov 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စဉ်စားတွေးခေါ်မှု အားကောင်းစေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ ရရှိစေပြီး အမျိုးသား အောင်ပွဲနေ့အကြောင်း သိရှိစေ၍ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန် လာစေရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။