ဗန်းမော် နိုဝင်ဘာ ၁၇
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် (၂၄) ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက နောင်ခိုရပ်ကွက်ရှိ စစ်ကဲကုန်း ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဗန်းမော်မြို့နယ် ရေလဲကျောင်း တိုက်ဆရာတော ်ဦးပုညထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော် အရှင်သူမြတ်တို့အား ရွတ်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရားတော်များ နာယူခြင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များတို့က စစ်ကဲကုန်းကျောင်းတိုက် ဆရာတော် ဦးက္ကန္ဒာသီရိ ထံသို့ ကထိန်လျာသင်္ကန်းနှင့် ကထိန်အရံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ရေလဲကျောင်းတိုက်ဆရာတော် ဦးပုညထံမှ တရားတော်နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်း၊ လှူဒါန်းမှုဝတ္ထုငွေနှင့် ပစ္စည်းတန်ဖိုးတို့အား လျှောက်ထားခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းပြီး ဆရာတော် အရှင်သူမြတ်တို့အား ပြန်လည ်ကန်တော့ခဲ့ကြောင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အလားတူ ဗန်းမော်မြို့ မင်းကျောင်းကုန်းရပ်ကွက်ရှိ မင်းကျောင်းကုန်းဘုန်းတော်ကြီး ကျောင်းတိုက်၌ လည်း ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှူးပြု၍ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်း များတို့က (၂၄)ကြိမ်မြောက် ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စုပေါင်း မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကို ဆရာတော် သံဃာတော်များထံသို့ အသီးသီးဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)