ပန်ဆောင် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နှုတ်၏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန်ပိုမိုမြှင့်တင်နိုင်စေရန်၊ အစုအဖွဲ့များတွင်ပြောတတ်၊ ဆိုတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် (၁၂) နာရီအချိန်က ပန်ဆောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်း သူ(၂၀)ဦးက မိမိတို့ကြိုက်နှစ်သက်ရာ အစီအစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ Community Centre ခန်းမ၌ နိုဝင်ဘာ(၁၆)ရက်နေ့တွင် စက္ကူခေါက်ပြိုင်ပွဲ၊ နိုဝင်ဘာ(၁၇)ရက်တွင်ပန်းချီပြိုင်ပွဲ စကားပုံဆက်ပြိုင်ပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ညွန်ကြားထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပန်ဆောင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး နှင့် ရုပ်/သံ-၃ တို့မှ အမှတ်တရလက်ဆောင်များအား အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)