အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
 ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ မြို့အဆင့်ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍ စုပေါင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကတောင်ပြိုလက်ဝဲမြို့ ရွှေဟင်္သါ မင်္ဂလာတပ်ဦးကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၁၆)ရက်နေ့က စခန်းသစ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Nov 18,2021
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အုတ်  တွင်းမြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူးနှင့်ဝန်ထမ်းများကယနေ့နံနက်ပိုင်းကခေါင်ရမ်းကျေးရွာအုပ်စု၊သိမ်ကုန်းဘုန်းတော်ကြီးကျောင်း၌ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်း(၁)လမ်းတွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိ သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီး ဘုရားတွင် ယမန်နေ့ ညနေပိုင်း (၅)နာရီအချိန်က စတင်ပြီး ဘုရားဖူးလာပြည်သူများ တဖွဲဖွဲဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Nov 18,2021
ပြန်ကြားရေးဝန်ကြီးဌာန၊မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့၏(၂၁)ကြိမ်မြောက် မိသားစု၊ စုပေါင်းဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက်၁၀ နာရီက၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိနန်းဦးပရဟိတကျောင်း၌ကျင်းပသည်။
Nov 18,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် စမ်းလှမ်းကျေးရွာ အဏ္ဏဝါ အလင်းတန်း စာကြည့်တိုက်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 18,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်တွင်(၈၅)ကြိမ်​မြောက်ဗုဒ္ဓ ဘာသာအသင်းမိသားစုများမှ စု​ပေါင်း၍ မဟာဘုံကထိန်သကန်းကပ်လူဒါန်းပွဲကို နိုဝင်ဘာလ ၁၆ နေ့နံနက် ပိုင်းက ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 18,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စုပေါင်းကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က တုံခမ်းကျောင်းတိုက်တွင် ပြုလုပ်ကြသည်။