မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

မြန်အောင်   နိုဝင်ဘာ    ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန  (Community  Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ၁နာရီက  စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးမှူး ဦးဇော်မင်းထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေး နွေးပြီး Book Club ဥက္ကဋ္ဌဦးနေဝင်း၊ နေဝင်းဝင်း(လွန်ဆေး)နှင့် အဖွဲ့ဝင်များ၊ စာပေဝါ သနာရှင်များက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ကံဆိုသည်မှာ စေတနာ" စာအုပ်ပါ အခန်းအလိုက် စာရေးဆရာ၏ အတွေးအမြင်နှင့် စာဖတ်သူတို့၏ အတွေးအမြင်များကို ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ပြည်သူများစာပေဖတ်ရှုသည့် အလေ့အထများ တိုးပွားလာစေရန်၊ စာဖတ်ခြင်းမှ ရရှိသည့် အတွေးအမြင်များကို စာဖတ်သူများအကြား ဆွေးနွေးဖလှယ်ခြင်း၊ လက်တွေ့အသုံးချနိုင်ခြင်း ဖြင့် လူ့အဖွဲ့အစည်းအတွင်း မှန်ကန်သောအတွေးအမြင် ဗဟုသုတများရရှိပြီး မိမိနှင့်ပတ်ဝန်းကျင် အတွက် ကောင်းကျိုးများကို ရရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး၊ မြန်အောင်မြို့နယ် ပြန်ဆက်ဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းများကို လစဉ် ၁၅ နံနက်ရက်နေ့ နံနက် ၉ နာရီတွင် ပုံမှန်ကျင်းပသွားမည်ဖြစ်ရာ Book Club အဖွဲ့ဝင်များအပြင် စာပေဝါသနာရှင် မည်သူမဆို ပါဝင်၍ တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ထွန်းဇော်ထွန်း(ပြန်ဆက်)