ကျောက်ဆည်မြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စဉ်စားတွေးခေါ်မှု အားကောင်းစေရန်၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ ရရှိစေပြီး အမျိုးသား အောင်ပွဲနေ့အကြောင်း သိရှိစေ၍ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန် လာစေရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်သူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ အမျိုးသားရေးတာဝန်များ ပိုမိုနားလည်လာကာ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်သိမ်းစောင့်ရှောက်ခြင်းနှင့် မျိုးချစ်စိတ်ဓာတ်များ ရရှိကြစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျေင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ ဦးကျော်သန်း (စာရေးဆရာ မောင်ခိုင်ကျော် ကျောက်ဆည်) တို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)