ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား ဂုဏ်ပြုထောက် ပံ့ငွေ ပေးအပ်ခြင်းနှင့် တွေ့ဆုံအားပေးစကား ပြောကြား

ဖျာပုံ နိုဝင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် "၂၀၂၁ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား" အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဖျာပုံခရိုင်ကိုယ်စားပြု ဘော်လီဘောအသင်းအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် မြို့အလှူရှင်များက တွေ့ဆုံအားပေးစကား ပြောကြားခြင်းနှင့် ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးနေဝင်းက အားကစားသမားများကို အားပေး စကားပြောကြားပြီး၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦးက အသင်းအောင်နိုင် ရေးအတွက် ကြိုတင်စီမံ လေ့ကျင့်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသေးစိတ ်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့အလှူရှင်များဖြစ်ကြသည့် မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးအုန်းဟန်၊ မြို့နယ်ဆန်စပါးကုန် သည်များ အသင်းဥက္ကဋ္ဌဦးမြင့်သိန်းနှင့် အလှူရှင်များက၊ ခရိုင်ကိုယ်စားပြု ဘော်လီဘောအသင်းအား ထောက်ပံ့ငွေကျပ် (၅) သိန်းအား ထောက်ပံ့ပေးအပ်ရာ ခရိုင်ကိုယ်စားပြု ဘော်လီဘောအသင်း ကိုယ်စား မောင်အောင် ကိုမင်းနှင့် မဇူးလဲ့နန္ဒာထွန်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)