Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲကျင်းပ
Nov 18,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပျဉ်ထောင်တွင်းကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၂)ကတ်အား ဒေသခံပြည်သူများထံလက်ဝယ် အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် (၃၂)ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တန်ခမ်းမတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊အသင်းအဖွဲ့များ၊ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ (၃၂)ကြိမ်မြောက်စုပေါင်းဘုံကထိန်နှင့် ပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၅ နာရီအချိန်က ကျင်းပခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှူဒါန်းပွဲကျင်းပ
Nov 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ များ စုပေါင်းမဟာဘုံကထိန် ဆပ်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၇ နာရီက သာယာဝတီမြို့ ကျိုက်ထို ဇောတိကာရုံကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဟိုနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့နယ်၊ မြစန္ဒာရပ်ကွက်တွင်ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Nov 18,2021
ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီက မြစန္ဒာရပ်ကွက်အမှတ် (၇)၊အခြေခံပညာ အထက်တန်း ကျောင်းခွဲ တွင်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လမိုင်းမြို့ ကျိုက်ကေလာသတန်ခိုးကြီးဘုရား၊ ပုထိုးစေတီတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိ
Nov 18,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ကျိုက်ကေလာသ တန်ခိုးကြီးဘုရားပုထိုးစေတီ၌ တန်ဆောင်မုန်းလပြည့်(တန်ဆောင်တိုင်ပွဲတော်)တွင် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများစွာ လာရောက် ဖူးမြှော်စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်ကညင်ကုန်းကြီးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်…
Nov 18,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၁၆ ရက်နံနက် ၁၀ နာရီအချိန်က ကညင်ကုန်းကြီးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်…
Nov 18,2021
ကိုဗစ်-၁၉ တတိယလှိုင်းတွင် ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ဂုဏ်ပြုပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးယနေ့ထပ်မံတွေ့ရှိသူ (၃၃) ဉီးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၅၀၅၉)ဦးရှိကာ ယနေ့သေဆုံးလူနာ (၃)ဦးရှိ
Nov 18,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပို့းတွေ့ရှိခဲ့ပြီးကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၇)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၅၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၃၁) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၃၃)ဦး ရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၄) ဦး၊ ရှားတောမြို့နယ်ဆေးရုံတွင် brught death (၁)ဦး ၊ ဘောလခဲမြို့နယ်တပ်မတော်ဆေးရုံတွင်(၈)ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၂)ဦး၊ ရွာသစ် တိုက်နယ်ဆေးရုံတွင်(၃)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင် (၅)ဦး ၊ ရှားတောမြို့နယ်ရှိ (PMC)များတွင် (၈)ဦး၊ မယ်စဲ့မြို့နယ်ရှိ (MPC )များတွင် (၂)ဦးထားရှိကုသပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24319
Page
24320
Page
24321
Page
24322
Current page
24323
Page
24324
Page
24325
Page
24326
Page
24327
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department