Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြောက်ဦးမြို့၌ ရခိုင်ရိုးရာစဉ်လာမပျက်နှစ်စဉ်ကျင်းပပြုလုပ်သော ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရား၊ ပုထိုးစေတီများ၌ သင်ပုန်းဆွမ်းကပ်လှူပူဇော်
Nov 18,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ တန်ဆောင်တိုင်လပြည့်နေ့၌ ရခိုင်ရိုးရာစဉ်လာမပျက်ကျင်းပပြုလုပ် လျက်ရှိသော သင်ပုန်းဆွမ်းကပ်လှူပူဇော်ပွဲကို မြို့ပေါ်ရပ်ကွက်နေပြည်သူများမှ ယနေ့ နံနက် ၅ နာရီအချိန်မှစတင်၍ သင်ပုန်းဆွမ်းများကပ်လှူပူဇော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင်ဆီမီး ၁၀၀၀၊ ပန်း၁၀၀၀၊နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပ
Nov 18,2021
မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့နယ်ရှေးဟောင်းသမိုင်းဝင်ရွှေအင်းတောင်စေတီတော်မြတ်ကြီး၌ တန်ဆောင်တိုင် ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်ခြင်းနှင့် ပန်း၁၀၀၀၊ နံ့သာ၁၀၀၀ ကပ်လှူပူဇော်ပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်လျက်ရှိ
Nov 18,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၂၂)ကြိမ်မြောက် သမိုင်းဝင်မဟာကျန်ဗုဒ္ဓရုပ်ပွားတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ကို ၁၃၈၃ ခုနှစ်၊ တန်ဆောင်းမုန်းလဆန်း (၁၄)ရက် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့မှစ၍ မြို့မပရိယတ္တိ စာသင်တိုက်၊ လောကမာရဇိန်သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်နေ့တွင်နတ်မောက်မြို့ ဆုတောင်းပြည့်ဘုရားကြီးကျောင်း၌ဘုရား ဖူးပြည်သူများစည်ကားလျက်ရှိ
Nov 18,2021
တန်ဆောင်မုန်းလပြည့်နေ့တွင်ဗုဒ္ဓမြတ်စွာဘုရားအားပူဇော်သည့်အနေဖြင့်နတ်မောက်မြို့နယ်အ တွင်းရှိတန်ခိုးကြီးဘုရားများ၊ဘုရားကျောင်းကန် စေတီပုထိုးများ၌ကုသိုလ်ပြုကြသူများ ဖြင့်စည် ကားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ဌာနဆိုင်ရာများ စုပေါင်း၍ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းကပ်လှူဒါန်းပွဲ အခမ်းအနားကျ…
Nov 18,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပြည်သူများ စုပေါင်း၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့က ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့ အတ္တရံမြစ်ကမ်း၌ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သော ယနေ့ နံနက် ၄ နာရီ၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ (၀.၈) ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိ
Nov 18,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့ နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀.၈)ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)တွင် မော်လမြိုင်မြို့၌ ဆွမ်းအိုးမျှော်ကပ်လှူပွဲ နှင့် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေး ကုလိုလ်ယူ
Nov 18,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၏ ဗုဒ္ဓပူဇနိယပွဲတော်များကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်း ပွဲတော် အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့)မတိုင်မီ (အဖိတ်နေ့)နှင့် လပြည့်နေ့တို့တွင်ဆီမီးများထွန်းညှိပူဇော်ခြင်း၊နံနက်အရုဏ်တက်ချိန် ရှင်ဥပ္ပရုတ္ထ မထေရ်မြတ်အား ဆွမ်းအိုးမျှော်ကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ ရက်ကြီးတွင်ဘုရားဖူးပြည်သူများ၊ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများ ဖြင့် ရပ်ကွက်/ကျေးရွာလမ်းအလိုက်များတွင် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24318
Page
24319
Page
24320
Page
24321
Current page
24322
Page
24323
Page
24324
Page
24325
Page
24326
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department