အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ (၂၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဝန်ထမ်းပေါင်း စုံမဟာဘုံကထိန်ကို နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ကသာမြို့၊ သဖန်းကိုင်းရပ်ကွက်ရှိ မြိုင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိ ပညာပေးနှိုးဆော်မှု အား မြို့ပေါ်/ ရပ်ကွက်နှင့် ကျေးရွာများသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ၀န်ထမ်းများက မာဒေး ကျေးရွာ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ (ဧကာဒဿမ)အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြစ်ကြီးနားမြို့ ခေမာသီဝံ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ‌‌မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြသည်။
Nov 17,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ ခွေးရူးရောဂါအကြောင်း သိကောင်းစရာ နှင့်ပတ်သက်၍ အသိပညာပေး Talk Show ကို လူထုအခြေပြုဗဟိုဌာန(မိုးကောင်း)ခန်းမ၌ နိုဝင်ဘာ ၁၇ ရက်နံနက် ၁၁ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ဆီဆိုင်မြို့၊ ဟိုခဲရပ်ကွက်အတွင်းရှိ ပြည်သူများအား (RDT)Tesk Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၌ ကျန်းမာရေး ဝန်ထမ်းများမှ အခမဲ့ သွားရောက် စစ်ဆေးပေးသည်။
Nov 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အုတ်တွင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ခေါင်ရမ်းကျေးရွာအုပ်စု၊ သိမ်ကုန်း ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Nov 17,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာနှစ် ကာလအတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာအား ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့်ဖွံဖြိုး ရေး လုပ်ငန်းများ ဆောင်ရွက်မည့်စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို နိုဝင်ဘာ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။