အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာကြီး ကပ္ပတိန် သာစိန်ရေးသားသော ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတော် အလံများမှတ်စုများ(၂)စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
Nov 14,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်(ပြည်နယ်၊ခရိုင်၊မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒုတိယ အကြိမ် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့၊ စတုဘုမိကမဟာ သတိပဌာန်မဂ္ဂင်ကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ် ပြည့်ပြီးသူ များအား (Phase-4)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာ စုရပ်များအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာအောင်ဆန်းသူရိယ အေးချိုခန်း၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 14,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်မေဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
Nov 14,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး ကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော မြသိန်းတန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရဟန္တာအရှင် မြတ်တို့ မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲကို နိုဝင်ဘာ(၁၇)ရက် တန်ဆောင်မုန်း လဆန်း(၁၄)ရက်နေ့မှ နိုဝင်ဘာ(၁၉)ရက် တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမန ထံမှသိရသည်။
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ စမ်းသပ်ကုသပေးလျက်ရှိ​ကြောင်း သိရသည်။
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ဒေးဒရဲမြို့နယ်ရေပူဝကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 14,2021
စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဖွဲစည်းခြင်းကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့နယ် ကံပြင်(ရွာဟောင်း)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်သည်။