ကရင်ပြည်နယ်(ပြည်နယ်၊ ခရိုင်၊မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒုတိယအကြိမ်စုပေါင်း ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း

ဘားအံ   နိုဝင်ဘာ   ၁၄

ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်(ပြည်နယ်၊ခရိုင်၊မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒုတိယ အကြိမ် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့၊ စတုဘုမိကမဟာ သတိပဌာန်မဂ္ဂင်ကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

စုပေါင်းက ထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ စတုဘုမိကမဟာသတိပဌာန်မဂ္ဂင်ကျောင်း ဆရာတော် အမှူးပြုသော ပင့်ကျောင်း ၁၅ ကျောင်းမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုး၊ ဇနီးဒေါ်စန္ဒာထွေးနှင့် (ပြည်နယ်၊ခရိုင်၊ မြို့နယ်) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းမျာနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သထုံမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စတုဘုမိကမဟာသတိပဌာန်ငှက်တွင်း ဂိုဏ်းမဂ္ဂင်ရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခဉာဏထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြပြီး ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ကဆရာတော်၊ သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ စတုဘုမိကမဟာ သတိပဌာန်ငှက်တွင်း ဂိုဏ်းမဂ္ဂင်ရိပ်သာကျောင်း ဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)