အသက်(၄၅)နှစ်​ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ထိုးနှံပေးမည်

တွံတေး နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ် ပြည့်ပြီးသူ များအား (Phase-4)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာ စုရပ်များအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာအောင်ဆန်းသူရိယ အေးချိုခန်း၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၄၅)နှစ်​ပြည့်ပြီးသူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊  အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊

စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊  သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်းဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ (ပုဂ္ဂလိကသယ် ယူပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ စားသောက်ဆိုင် လ္ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအားထိုးနှံ​ပေးမည်ဖြစ် ကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်အားကစားခန်းမ အောင်ဆန်းသူရိယ အေးချိုခန်းမ တွင် ကျွန်းတော၊ အုန်းပင်စု၊ စျေးသစ်၊ ကွမ်းခြံ၊ မင်းပိုင်း၊ ရွှေဆံတော်၊ အိုးဖိုအရှေ့၊ အိုးဘို အနောက်ရပ်ကွက်များနှင့် ရှမ်းစုကျေးရွာ၊ တလုပ်တ္ထော်ကျေးရွာများမှ အသက် ၄၅ နှစ်ပြည့်ပြီးသူများအား (Phase-4) ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (SINOPHARM) ပထမအကြိမ် စတင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်  ပြန်/ဆက်