အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း မိသားစုများ စုပေါင်း၍ (၁၈)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မင်းဘူးမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 14,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ရိုးရာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၉)ကြိမ်မြောက် နှစ်ကျိပ့်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွါးတော်ပုံများ မြို့တွင်းသို့ လှည့်လည်ပူဇော်ခံပွဲ အခမ်းအနားကို ယမန်နေ့ည ၇ နာရီက စတင်ကာ ကျိုက်မရောမြိုဆုတောင်းပြည့် ဘုရားကြီးရှေ့၌ ကျင်းပခဲ့သည်။
Nov 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့် အထက ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့် အထက်ပြည်သူများ အားပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ၊ ကာကွယ် ဆေးထိုးနှံရာတွင် အကြောင်း အမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိမဂ်လာစျေး ဓမ္မာရုံနှင့်အလုပ်သမား ဓမ္မာရုံတို့တွင်၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Nov 14,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မကုဋဝတီ ကျောင်းတိုက်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၏ ၁၆ ကြိမ်မြောက်စုပေါင်း မဟာဘုံကထိန် မင်္ဂလာအခမ်းကျင်းပခဲ့ကြောင်း သိရသည်။
Nov 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဒဿမအကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်း ပေါင်းစုံ စုပေါင်း မဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဥတ္တမာရုံ စာသင်တိုက်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
Nov 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက်ပြည်သူများအားပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းမတော်မြို့နယ်၊ အ.လ.က(၁)တွင်၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Nov 14,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၄၀ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရ လမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အတွေးအခေါ်အသိအမြင်များ အချင်းချင်း ဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်ဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အသုံးချတတ်လာ စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာတိုးတက်မြင့်မားလာပြီး အကောင်းအဆိုး အမှားအမှန် ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စေရန် ရည်ရွယ်၍ Book Club အဖွဲ့နှင့် စာဖတ်ဝိုင်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။