Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့သောင်းတပ်နယ် (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် ကျင်းပ
Nov 14,2021
ကော့သောင်းတပ်နယ် (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်အား ယနေ့ နံနက် ၉ နာရီက၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကော့သောင်း) ဘုရင့်နောင်တပ်နယ်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တော်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး ရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေး ကတ်ပြားများပေးအပ်ပွဲကျင်းပ
Nov 14,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကစ္ဆပနဒီခန်းမအတွင်း၌ ကျောက်တော်မြို့နယ်အတွင်းရှိ တိုင်းရင်းသား များအား ပန်းခင်းစီမံချက် ဖြင့်ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးကတ်ပြား များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ခန်းမအတွင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်၊ ဒုတိယအသုတ်ဖြစ် လူဦးရေ ၆၅၉၀ ဦးကို ဆက်လက်ထိုးနှံပေး
Nov 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယ အကြိမ်၊ ဒုတိယအသုတ်အဖြစ် လူဦးရေ ၆၅၉၀ ဦးကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ် သုံးခုတွင် ပထမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံတွင် ရေပိုလွှဲမှ (၁ ဒသမ ၈ )ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိ
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုကြောင့် ကြီးအုံကြီးဝ တမံတွင် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှ (၈)ပေကျော်ခန့် အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှု လျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု တစ်ဖြည်းဖြည်းလျော့နည်းကျဆင်းလာပြီဖြစ်ကြောင်း သိရကာ နိုဝင်ဘာ ၁၄ ရက်၊ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာရာတွင် တမံရေပိုလွှဲမှ (၁ ဒသမ ၈) ပေခန့်သာ ဆက်လက် ရေကျော်ကျမှု ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်…အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Nov 14,2021
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့်… အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးထက် ပိုမိုစီးနင်းခြင်း မပြုရန် အသိပညာပေးနှိုးဆော်
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦး ထက် ပိုမိုစီးနင်းခြင်း မပြုရန် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းအချိန်က မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Nov 14,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ “ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ် နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စံတန်းရပ်ကွက် ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24162
Page
24163
Page
24164
Page
24165
Current page
24166
Page
24167
Page
24168
Page
24169
Page
24170
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department