ဒေးဒရဲ နိုဝင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးရုံတွင် မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသပေးခြင်းကို ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာခင်ချိုမာ ဦးဆောင်သော အဖွဲ့မှ ဦးဆောင်၍ မျက်စိဝေဒနာရှင် (၂၄)ဦးအား လိုအပ်သော ခွဲစိတ်ကုသှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စက္ခုဒါနဆေးရုံတွင် ယနေ့ထိ လူနာ(၇၃၉၀)ဦး၊ မျက်စီ (၁၁၇၂) လုံးတို့ခွဲစိတ် ကုသပေး နိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူများအား အခမဲ့ကုသနိုင်ရေး အလှူရှင်များနှင့် ဆက်သွယ်၍ ခွဲစိတ်ကုသပေး ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)