ပန်လုံမြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နယ်လှည့်၊ ဓာတ်ပုံနှင့်စာအုပ် စာစောင်များ ပြသဆောင်ရွက်

ပန်လုံ နိုဝင်ဘာ ၁၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်မေဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

မြို့ဦးစီးမှူးဒေါ်ခင်မေဦးက အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာ ပေးဟော ပြောခဲ့ပြီး ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းပေးခြင်း၊ နံရံကပ် စာစောင်၊ ဓာတ်ပုံတို့ကို ပြသပေးရာ ကျောင်းသူကျောင်းသားများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။

ပန်လုံပြန်/ဆက်