အမြို့မြို့အနယ်နယ်သတင်းများ

Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှုန်း လျှော့ချနိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၄၅ နှစ်အထက် ပြည်သူများအား ပထမအကြိမ် နှင့်အသက် ၅၅ နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို နိုဝင်ဘာ ၁၄ ရက်၊ ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဒုတိယ အကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Nov 14,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အားကစားကွင်းတွင် ချစ်ကြည်ရေးဖလား အမျိုးသား ဘော်လီဘောပြိုင်ပွဲ ကျင်းပပြုလုပ် ကြောင်းသိရသည်။
Nov 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊​​ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ​ ယမန်နေ့ နံနက်(၉း၀၀) နာရီကတံခွန်တိုင်ကျေးရွာဧည့်ခန်းမ​ ဆောင်တွင်အိမ်ထောင်စုလူဦးရေ စာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
Nov 14,2021
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး G. I. S ရေးဆွဲနည်း သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၁၉ ရက်နေ့အထိ အဆိုပါရုံးအစည်းအဝေးခန်းမ၌ သင်ကြားပိူချလျက် ရှိကြောင်းသိရသည်။
Nov 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် စိုက်ပျိုး ရေးသွင်းအားစု ဓါတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများ ဈေးနှုန်းကြီးမြင့်၍ တောင်သူများ အပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းကျဆင်းခြင်းမရှိစေရန် လယ်ယာထုတ်ကုန်မှု စရိတ်လျော့ချနိုင်စေရန်၊ ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ လယ်ယာထွက်ကုန်များ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်ပြသခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်နေ တောင်သူ ဦးကြံအောင်၏ နေအိမ်၌ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပေးသည်။
Nov 14,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်း သစ်တောပြုန်းတီးမှု လျော့နည်းပပျောက်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ်ညောင်ပင်စောက်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။