အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးသည် တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ တိုင်းဒေသကြီးရွေးကောက်ပွဲအရာရှိ ဦးထိန်လင်းဦးနှင့်အတူ နိုဝင်ဘာလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့က ကော့သောင်း ခရိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး သို့ရောက်ရှိ၍ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ကြရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို Hand Speaker ဖြင့် အသိပေး ကြော်ငြာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက် ရမည့် စည်းကမ်းချက်များအား Hand Speaker ဖြင့်လှည့်လည်အသိပေး နှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်း ကပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၁)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများ နှင့် သင်္ဘောဆိပ်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOVAC (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အသိပညာပေး နှိုးဆော်ခြင်းများကို  ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဝန်ကြီး ဌာနမြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု စာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီကဝါးကောက်ကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသည့် ဧည်သည်တော်များ တက်ရောက်ခဲ့ကြသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ ပေးနှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီ မှစ၍ ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်မြို့စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များ အား Sound Box စက်ဖြင့်အရှိန်အဟုန်မြှင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်းသိရ သည်။