အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များစုပေါင်း၍ (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက်က တာဝတိံသာဘုရား ဓမ္မာရုံတွင်ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပဒေသာပင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Nov 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ယမန်နေ့ နံနက်(၈)နာရီက ကျေးရွာအုပ်စု(၃)အုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက်‌ ပေးခဲ့ကြောင်းသိရသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီက မြို့ပေါ် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 14,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့ ၊ ဟိုပန်ကျေးရွာအုပ်စု နေပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က ဝမ်ဆတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ခဲ့သည်။
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့ နေ့လည်(၂)နာရီခွဲ အချိန်ကစာအုပ်စာပေချစ်မြတ်နိုးသူများBook Clubအဖွဲ့ဝင်များနှင့် Youth Club အဖွဲ့ဝင်များက စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
Nov 14,2021
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အစီအစဉ်အဖြစ် ဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီး၏ “တူယဉ်နွှဲပျော်ဂီတပွဲတော်”တေးသီချင်းသီဆိုမှုပြိုင်ပွဲကို ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ယနေ့ မွန်းလွဲ(၁)နာရီတွင် ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် (၆)ခရိုင်မှ ပြိုင်ပွဲဝင် အဆိုဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Nov 14,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။