အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး ကိစ္စရပ်များ အပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဌာနဆိုင်ရာများ၊ ရပ်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်၉ နာရီမှ စ၍ အ.ထက(၂) ရတနာခန်းမ၊ အ.ထ.က(ခွဲ) ကျွန်းတော၊ အ.ထ.က(ချောင်းမကြီး)နှင့် အ.ထ.က(ခွဲ) တပ်မတော်တို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီး သူအျားအား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာစုရပ် များ အလိုက်နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစတင်ကာ အောင်ဆန်းသူရိယ အေးချိုခန်း၌ ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Nov 15,2021
စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်စာ ဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
Nov 15,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာရခြင်းအကြောင်းနှင့် ပတ်သက်၍ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Nov 15,2021
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် နိုဝင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၃) ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများနှင့် မြို့နယ် အတွင်းသွားလာနေသူ စုစုပေါင်း(၄၃၃) ဦး အား RDT Test Kit ဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ရာ (၉) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား Isolation Ward တွင် ထားရှိကုသလျက် ရှိကြောင်း သိရသည်။